မြစ်သား ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြစ်သားမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ မြစ်သားမြို့နယ်အတွင်းရှိ ရေဝန်းကျေးရွာအုပ်စု၊ ရွာရှည်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအုပ်စု၊ ကသဲကုန်းကျေးရွာအုပ်စု၊ လက်ပံဆိပ်ကျေးရွာ အုပ်စုများနှင့် မြို့ပေါ်ဘူတာရပ်ကွက်ကြီးသို့ ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)တွင် မဲပေးနိုင်ရေးအတွက် မဲစာရင်းဆိုင်ရာ မှန်ကန်ပြည့်စုံနိုင်ရေး (door to door)စနစ်ဖြင့် မြေပြင် ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခြင်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မန်း(ကိုယ်ပွား)


