ကွာလာလမ်ပူ ဒီဇင်ဘာ ၃
မလေးရှားလေကြောင်းလိုင်း လေယာဉ် MH 370 ၏ ရှာဖွေရေးလုပ်ငန်းစဉ်များကို ဒီဇင်ဘာ ၃၀ ရက်တွင် ပြန်လည်စတင်မည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃ ရက်တွင် ပြောသည်။
ရှာဖွေရေးကုမ္ပဏီ အိုရှင်းအင်ဖန်နတီသည် ပင်လယ်ကြမ်းပြင် ရှာဖွေရေးလုပ်ငန်းများကို စုစုပေါင်း ၅၅ ရက်ကြာ လုပ်ဆောင်မည်ဟု ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ် မတ်လ ၂၅ ရက်တွင် မလေးရှားအစိုးရနှင့် အိုရှင်းအင်ဖန်နတီကုမ္ပဏီတို့ကြား ချုပ်ဆိုခဲ့သည့် ဝန်ဆောင်မှုသဘောတူညီချက်အရ လေယာဉ်ရှာဖွေတွေ့ရှိနိုင်ခြေ အမြင့်ဆုံးနေရာဟု အကဲဖြတ်ထားသည့် ဧရိယာကို ပစ်မှတ်ထားရှာဖွေမှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာ ချက်တွင် ပါဝင်သည်။
ရာသီဥတုဆိုးရွားမှုကြောင့် ဧပြီလအတွင်းက ရှာဖွေမှုများကိုရပ်ဆိုင်းခဲ့ရသည်။ အိုရှင်းအင်ဖန်နတီ ကုမ္ပဏီသည် ၂၀၁၈ ခုနှစ်က ရှာဖွေမှုများ လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ချေ။
MH 370 လေယာဉ်သည် ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်က ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းစဉ် လေယာဉ်ပေါ်ရှိ လူပေါင်း ၂၃၉ ဦးနှင့်အတူ ရေဒါမျက်နှာပြင်မှ ပျောက်ကွယ်သွားခဲ့သည့် ဝမ်းနည်းဖွယ်အဖြစ်အပျက်ဖြစ်သည်။
ဆင်ဟွာ


