ကဘူးလ် ဒီဇင်ဘာ ၃
အာဖဂန်နစ္စတန်နိုင်ငံ၌ လူပေါင်း ၁ ဒသမ ၅ သန်းခန့်မှာ မသန်စွမ်းဖြစ်မှုအခြေအနေများဖြင့် နေထိုင်ကြလျက်ရှိပြီး အများစုမှာ ဆယ်စုနှစ်များစွာဖြစ်ပွားသော ပဋိပက္ခများကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂ အာဖဂန်နစ္စတန် အကူအညီပေးရေးမစ်ရှင်(ယူအင်န်အေအမ်အေ)က ဒီဇင်ဘာ ၃ ရက် တွင် ပြောသည်။
အာဖဂန်နစ္စတန်နိုင်ငံသည် ကမ္ဘာ့မြေမြှုပ်မိုင်း အများဆုံးရှိသည့် နိုင်ငံများထဲမှတစ်နိုင်ငံဖြစ်ပြီး ဆယ်စုနှစ်လေးစုကျော်ကြာ ဖြစ်ပွားသော ပဋိပက္ခများမှ မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းများကြောင့် နေ့စဉ်နှင့်အမျှ အသက်ပေါင်းများစွာ ဆုံးရှုံးမှုနှင့် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိမှုများကို ဖြစ်ပေါ်စေသည်။
လွန်ခဲ့သည့်သီတင်းနှစ်ပတ်အတွင်းမှာပင် သီးခြားပေါက်ကွဲမှုများကြောင့် နိုင်ငံတောင်ပိုင်း ကန်ဒါဟာနှင့် ဥရုဇ်ဂန်ပြည်နယ်အပြင် နိုင်ငံမြောက်ပိုင်း ဘက်ခ်ပြည်နယ်တို့တွင် ကလေးငယ်များအပါအဝင် ခုနစ်ဦး သေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဆင်ဟွာ


