ဒီဇင်ဘာ ၄
ဂျပန်နိုင်ငံ အိုကီနာဝါခရိုင်ရှိ တောင်ပိုင်းကျွန်းတစ်ခုဖြစ်သော မီယာကိုဂျီးမားအနီး ပစိဖိတ်ကမ်းရိုးတန်းတွင် ဂျပန်ငါးဖမ်းလှေတစ်စင်း တိမ်းမှောက်သွားခဲ့ရာ သင်္ဘောသားနှစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဖော်ပြထားသည်။
အဆိုပါခရိုင်ငါးဖမ်းရေဒီယိုအသင်းမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို ယနေ့မနက် လေးနာရီဝန်းကျင်က လက်ခံရရှိခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ကပြောကြားခဲ့သည်။ လှေနစ်မြုပ်တော့မည့်အန္တရာယ်ရှိနေကြောင်း အခြားသင်္ဘောတစ်စင်းထံ အကြောင်းကြားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ကမ်းခြေစောင့်တပ်သည် မီယာကိုဂျီးမားကျွန်း၏ တောင်ဘက် ၁၁၅ ကီလိုမီတာအကွာတွင် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က တိမ်းမှောက်နေသော လှေတစ်စင်းကို တွေ့ရှိခဲ့သည်ဟု သိရသည်။
လှေတိမ်မှောက်ခြင်းမပြုမီ ဂျပန်ကပ္ပတိန်တစ်ဦးနှင့် အင်ဒိုနီးရှားအမျိုးသားတစ်ဦးတို့ လှေပေါ်တွင် ရှိနေကြောင်းနှင့် နှစ်ဦးစလုံး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


