ဒီဇင်ဘာ ၄
ဂျပန်နိုင်ငံ၏ပြည်ပအကူအညီပေးရေးအေဂျင်စီက လွန်ခဲ့သောသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးမှုနှင့် မြေပြိုမှုကြောင့် တောင်နဲ့ အရှေ့တောင်အာရှတွင် အဆိုးရွားဆုံးထိခိုက်ခဲ့သော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော သီရိလင်္ကာနိုင်ငံသို့ ဆေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သည်ဟု သိရသည်။
သီရိလင်္ကာနိုင်ငံတွင် လူ ၄၆၅ ယောက် သေဆုံးပြီး ၃၆၀ ကျော် ပျောက်ဆုံးလျက်ရှိကြောင်း နိုင်ငံ၏သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနက ပြောကြားသည်။
ယမန်နေ့က တိုကျိုမြို့ ဟာနီဒါလေဆိပ်မှ ဆေးအဖွဲ့ဝင် ၃၀ ဦးခန့် ထွက်ခွာသွားခဲ့ကြောင်း၊ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး Pivithuru Janak Kumarasinghe က ၎င်းတို့နှင့်လာရောက်တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားသည်။
ဆေးအဖွဲ့ခေါင်းဆောင် အီဝါဆေး ကီအီချီရိုက ဆေးကုသမှုခံယူရန်လိုအပ်သူများကို မိမိတို့၏စိတ်ရင်းစေတနာဖြင့် ပံ့ပိုးကူညီမှု ပေးလိုကြောင်း ပြောကြားခဲ့သည်။
ဆေးအဖွဲ့အနေဖြင့် ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသော အနောက်ပိုင်း ချီလောမြို့ရှိ ဒဏ်ရာရရှိသူများကို ကုသမှုပေးရန် သီတင်းနှစ်ပတ်ခန့် အချိန်ယူရဖွယ်ရှိသည်ဟု သိရသည်။
မုန်တိုင်းဒဏ်သင့်ဒေသရှိ ဆေးရုံများလည်း ဆိုးရွားစွာ ပျက်စီးခဲ့သည်ဟု အီဝါဆေးက ပြောကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


