ဂျေရုဆလင် ဒီဇင်ဘာ ၄

အစ္စရေးသည် ပြီးခဲ့သည့်နှစ်က ရရှိခဲ့သော နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဟစ်ဇ်ဘိုလာအဖွဲ့၏ အခြေစိုက်နေရာဖြစ်သည့် လက်ဘနွန်နိုင်ငံသို့ အဆင့်မြင့်အရာရှိတစ်ဦးစေလွှတ်ခဲ့သည်။

အစ္စရေးသည် ရှီးယား မွတ်ဆလင်အုပ်စုကို တိုက်ခိုက်နေချိန်တွင် ယခုလို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းထားရန် အမေရိကန်၏ ဖိအားပေးမှု မြင့်တက်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြခဲ့သည်။

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား တိုက်ပွဲများသည် ၂၀၂၃ ခုနှစ်ကတည်းက ဆက်လက် ဖြစ်ပွားနေခဲ့သည်။ အမေရိကန် ပြည်ထောင်စုက ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့သည့် ပစ်ခတ်ရပ်စဲ ရေး သဘောတူညီချက်သည် လွန်ခဲ့သောနှစ် နိုဝင်ဘာလတွင် အသက်ဝင်ခဲ့သည်။

ဟစ်ဇ်ဘိုလာအုပ်စုသည် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု အစ္စရေးက အခိုင်အမာပြောကြားပြီး လက်ဘနွန်နိုင်ငံတစ်ဝန်းရှိ ဟစ်ဇ်ဘိုလာတို့ကို လေကြောင်းတိုက် ခိုက်မှုများ မပြတ်လုပ်ဆောင်ခဲ့သည်။

ယခုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်နေချိန်တွင် အဆင့်မြင့် အစ္စရေးအရာရှိတစ်ဦးနှင့် လက် ဘနွန်နိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးတို့ လက်ဘနွန်တောင်ပိုင်း ၌ တွေ့ဆုံခဲ့ကြသည်ဟု ဘေရွတ် အခြေစိုက် အမေရိကန်သံရုံးက ဒီဇင်ဘာ ၃ ရက်တွင် ကြေညာခဲ့သည်။ ယင်းနှစ်နိုင်ငံအကြားတွင် သံတမန်ဆက်ဆံရေး မရှိသေးကြောင်း သိရသည်။

ထိုသို့ စေလွှတ်မှုသည် အစ္စရေးနှင့် လက်ဘနွန်နိုင်ငံတို့ကြား ဆက်ဆံရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်တစ်ခု ထူထောင်ရန် ကနဦး ကြိုးပမ်းမှုတစ်ခုဖြစ် သည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။    

အင်န်အိတ်ချ်ကေ