ဟနွိုင်း ဒီဇင်ဘာ ၄
ဗီယက်နမ်အစိုးရက နိုင်ငံခြားသားများ ဝင်ခွင့်နှင့် ထွက်ခွင့်အတွက် အီး-ဗီဇာ အသုံးပြုနိုင်သည့် အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ် ၄၁ ခု၏စာရင်းကို ထပ်မံထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အသစ်ထပ်တိုးစာရင်းတွင် လေဆိပ်လေးခု၊ ကုန်းတွင်းနယ်စပ်ဂိတ် ၁၁ ခုနှင့် ဆိပ်ကမ်း ၂၆ ခုတို့ ပါဝင်သည်။
၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်က အီး-ဗီဇာ အသုံးပြုရန် အရည်အချင်း ပြည့်မီသော နိုင်ငံတကာ နယ်စပ်ဂိတ် ၄၁ ခုကို အတည်ပြုခဲ့သည်။
လက်ရှိထုတ်ပြန်ခဲ့သည့် နယ်စပ်ဂိတ် ၄၁ ခုနှင့်အတူ အီး-ဗီဇာ လက်ခံသည့် နိုင်ငံတကာ နယ်စပ်ဂိတ်ပေါင်း ၈၃ ခုအထိ ရှိလာကြောင်း ဗီအင်န်အိတ်စပရက်စ်က သတင်းဖော်ပြခဲ့သည်။
အီး-ဗီဇာသည် ၎င်း၏ထုတ်ပေးသည့်ပုံစံနှင့် လျှောက်လွှာလုပ်ငန်းစဉ်နှစ်ခုစလုံးတွင် သမားရိုးကျဗီဇာလျှောက်ထားမှုပုံစံနှင့် ကွဲပြားမှုရှိသည်။
နိုင်ငံခြားသားများသည် ယခင်ကလုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ရန်မလိုအပ်ဘဲ အွန်လိုင်းမှ ဝင်ခွင့်လျှောက်လွှာများ တင်သွင်းနိုင်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


