နေပြည်တော် ဒီဇင်ဘာ ၇
တာမွေနှင့် ကျိုင်းတုံမြို့နယ်တို့ တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာမွေမြို့နယ် တာမွေကြီး (က/ဂ) ရပ်ကွက် ကျိုက္ကဆံလမ်းမကြီးနှင့် (၁၅၅) လမ်းထောင့်တွင် လမ်းလျှောက်လာသူ မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ရပ်ကွက်နေ မချစ်ချစ်ဇော် (ခ) ဇေဇေ (၃၄ နှစ်) အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ (ဒေသတန်ဖိုး ငွေကျပ် သိန်း ၁၀၀) ကိုလည်းကောင်း၊ အလားတူ ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် သတင်းအရ ကျိုင်းတုံမြို့နယ် ယန်းကျိန်ကျေးရွာအုပ်စု တာခွယ်ကျေးရွာအနီးတွင် ကျိုင်းတုံမြို့နယ် ကတ်ထိုက်ကျေးရွာအုပ်စု ဟွေပုံကျေးရွာနေ ကျထော (၃၆ နှစ်) မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ (ဒေသတန်ဖိုး ငွေကျပ် ၅၆ သိန်း) ကိုလည်းကောင်း သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်


