တိုကျို   ဒီဇင်ဘာ   ၇

ဂျပန်နှင့် တောင်ကိုရီးယားအစိုးရတို့က ဇန်နဝါရီလအစောပိုင်းတွင် ဂျပန်နိုင်ငံအနောက်ပိုင်း နာရာမြို့၌ နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကျင်းပရန် စီစဉ်လျက်ရှိသည်။

နာရာမြို့သည် ဂျပန်ဝန်ကြီးချုပ် တာခိုင်ချီဆာနေး၏ ဇာတိစီရင်စုဖြစ်သည်။

အောက်တိုဘာလတွင် ဂျပန်ဝန်ကြီးချုပ် တာခိုင်ချီဆာနေးနှင့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင်တို့သည် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေး၏ ပြင်ပအစည်းအဝေးအဖြစ် တောင်ကိုရီးယားနိုင်ငံ၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။ ၎င်းတို့သည် နို၀င်ဘာလတွင် တောင်အာဖရိက၌ ဂျီ ၂၀ ထိပ်သီးအစည်းအဝေး၏ ပြင်ပအစည်းအဝေးတွင်လည်း တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံဆက်ဆံရေးကို အနာဂတ်အတွက်ဦးတည်ပြီး တည်ငြိမ်သောပုံစံဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်   ၎င်းတို့နှစ်ဦးက သဘောတူညီခဲ့ကြသည်။

တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က ဂျပန်နိုင်ငံသို့ အလည်အပတ်သွားရောက်ကာ တိုကျိုမြို့တော်ပြင်ပ မြို့တစ်မြို့၌ တွေ့ဆုံရန် ဆန္ဒရှိကြောင်း အောက်တိုဘာလတွင် ကျင်းပခဲ့သည့် နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

တာခိုင်ချီတာနေးက လီဂျေမြောင်အား အပြန်အလှန်ယုံကြည်မှုတိုးလာစေရန် ၎င်း၏ဇာတိမြို့ နာရာသို့ ဖိတ်ကြားခဲ့ဖွယ်ရှိကြောင်း လေ့လာသူများက ပြောကြားသည်။  

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်