လှည်းကူး ဒီဇင်ဘာ ၇

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကြို့ကုန်းကျေးရွာတွင် မြန်မာနိုင်ငံ၌ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကြောင့် အမျိုးသမီးဦးရေ သေဆုံးမှုမြင့်မားလျက်ရှိနေမှုမှ ကာကွယ်နိုင်ရန် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းက ကြို့ကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် ကျေးရွာအတွင်းရှိ အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံပေးသည်။

 

အဆိုပါ ပြည်သူလူထုအခြေပြုသားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုကို လှည်းကူးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းဇော်၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သောင်းဒန်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)