ရန်ကုန်    ဒီဇင်ဘာ   ၇

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းသည် ပြိုင်ပွဲအမျိုးအစား ခုနစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ထိုင်းဆီးဂိမ်းပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ကိုးမျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာ ပိုက်ကျော်ခြင်းအသင်းအနေဖြင့် သုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲ၊ လေးယောက်တွဲပြိုင်ပွဲ၊ ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ အမျိုးသားပွဲစဉ်၊ အမျိုးသမီးပွဲစဉ်၊ အမျိုးသား+အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ သုံးယောက်တွဲ အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲ နှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပေ။ အုပ်စုခွဲဝေထားမှုအရ မြန်မာပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည့် ပြိုင်ပွဲအမျိုးအစားများအနက် သုံးယောက်တွဲအသင်းလိုက် အမျိုးသားပြိုင်ပွဲ အုပ်စု (A) တွင် မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အုပ်စု (B) တွင် ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ထိုင်း၊ အမျိုးသမီးပြိုင်ပွဲ အုပ်စု(A) တွင် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း၊ အုပ်စု (B) တွင် မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လေးယောက်တွဲ အမျိုးသားပြိုင်ပွဲ အုပ်စု (A) တွင် အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ တီမော၊ ထိုင်း၊ အုပ်စု(B)တွင် ကမ္ဘော ဒီးယား၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ ဘရူနိုင်း၊ ဗီယက်နမ်၊ အမျိုးသမီးပြိုင်ပွဲ အုပ်စု(A)တွင်  ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အုပ်စု(B) တွင် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ အမျိုးသား+အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ အုပ်စု(A)တွင်  ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ အုပ်စု (B) တွင် ဗီယက်နမ်၊ မလေးရှား၊ လာအို၊ မြန်မာ၊ ကွင်းသွင်းခြင်းခတ် အမျိုးသားပြိုင်ပွဲတွင် ထိုင်း၊ ဘရူနိုင်း၊ တီမော၊ မြန်မာ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အမျိုးသမီးပြိုင်ပွဲတွင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ လာအိုနှင့် မြန်မာအသင်းတို့ ပါဝင်ကြသည်။

ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာပိုက်ကျော်ခြင်းအသင်းတွင် အုပ်ချုပ်သူ-ဦးဇော်လင်း၊ ဦးထွဋ်ခိုင်နွယ်၊ နည်းပြ-ဦးအောင်ချိုမြင့်၊ ဦးကျော်မင်းစိုး၊ ဦးအောင်မျိုးသွင်၊ ဦးသိန်းဇော်မင်း၊ ဦးအောင်မျိုးဆွေ၊ ဒေါ်မာမာဝင်း၊ အားကစားသမားများအဖြစ် အမျိုးသား -ဇင်မင်းဦး၊ သန့်ဇင်ထွန်း၊ ထူးအောင်ကျော်၊ ကျော်မင်းသူ၊ အောင်အောင်၊ ဇော်မင်းခန့်၊ ရှိန်းဝဏ္ဏဇော်၊ နိုဝင်ဘာကိုကို၊ ရန်ပိုင်ဦး၊ မင်းသန့်သူ၊ အောင်မျိုးကျော်၊ ရဲထက်၊ သန်းဇော်ဦး၊ အောင်ဇော်၊ စိုးပိုင်ဦး၊ အောင်လှိုင်မိုး၊ ကျော်ဇေယျာဝင်း၊ အောင်မျိုးနိုင်၊ အမျိုးသမီး-ကြူကြူသင်း၊ နွယ်နွယ်ထွေး၊ ဆုတင်ဇာနိုင်၊ ဖြူဖြူသန်း၊ ခင်နှင်းဝေ၊ နေခြည်နွေး၊ သီရိအောင်၊ နမ့်မေသူထွေး၊ လိုင်ရိုအဲင်း၊ ယမုံဇင်၊ ချယ်ရီလင်းသစ်၊ ယဉ်ယဉ်ဌေး၊ ဖူးဖူး၊ ဆုမွန်ကျော်နှင့် နှင်းနှင်းဝေတို့ ပါ၀င်ကြသည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခု၊  ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့သည်။

ကိုညီလေး