မြောင်းမြ ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွင်း ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပဆင - မဒေါ့ပင်လမ်းနှင့် ပဆင-သိလ္လာချောင်းဖျားလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန( ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ခရိုင်နှင့်မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများ၊ လမ်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့တို့က ရှင်းလင်းတင်ပြပြီး အင်ဂျင်နီယာချုပ်(မြို့ပြ)က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ခရိုင်(ပြန်/ဆက်)


