ရမည်းသင်း ဒီဇင်ဘာ ၇

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် အထက(၁) ရှေ့၌  “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဒို့အတူတူမဲပေးကြမယ်ကြော်ငြာဘုတ် စိုက်ထူခြင်းနှင့် အသိပညာ ပေးလက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၅ ရက် နံနက် ၇ နာရီက လူစည်ကားရာနေရာများဖြစ်သော အထက(၁)ရှေ့၊ နာရီစင်ရှေ့နှင့် ဈေးအတွင်းတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့်အဖွဲ့များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက လက်ကမ်းစာစောင် ၂၀၀၀ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။             

 

ခရိုင်(ပြန်/ဆက်)