ဘွန်ဒက်စ်လီဂါပွဲစဉ် (၁၃) တွင် အမှတ်ပေးဇယား ဦးဆောင်သူ ဘိုင်ယန်မြူးနစ်အသင်းက စတုဂတ်အသင်းကို အသင်းအဓိက တိုက်စစ်ကစားသမား ဟာရီကိန်း၏ ခြေစွမ်းပြ သွင်းဂိုးများနှင့်အတူ ငါးဂိုးပြတ် အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်ကို ဒီဇင်ဘာ ၆ ရက် ညပိုင်းက စတုဂတ်အသင်း အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်ကစားခဲ့သည်။ ဟက်ထရစ်သွင်းယူနိုင်ခဲ့သော တိုက်စစ်ကစားသမား ကိန်းသည် ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၃) အပြီးတွင် သွင်းဂိုး ၁၇ ဂိုးနှင့် ဂိုးဖန်တီးမှု သုံးကြိမ်ရှိလာပြီ ဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ယခုပွဲစဉ် ဂိုးပြတ်အနိုင်ရရှိခဲ့သည့်အတွက် ရဂိုး ၄၉ ဂိုး၊ ပေးဂိုး ကိုးဂိုးဖြင့် တိုက်စစ်၊ ခံစစ်အကောင်း ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ ထို့အပြင် ဘိုင်ယန်မြူးနစ်အသင်းသည် ယခုအနိုင်ပွဲကြောင့် ဒုတိယနေရာမှ အနီးကပ်ဖိအားပေးလျက်ရှိသည့် လိုက်ပ်ဇစ် အသင်းကို ရှစ်မှတ်အထိဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားသည်။
မိုးဇက်


