ပရီမီယာလိဂ်ပွဲစဉ် (၁၅) မှ ဒီဇင်ဘာ ၇ ရက် နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် လိဒ်စ်နှင့် အသင်းကြီး လီဗာပူးအသင်းပွဲစဉ်တွင် လိဒ်စ်ကွင်းလယ်ကစားသမား တာနာကာ၏ နောက်ကျသွင်းဂိုးကြောင့် တစ်ဖက်သုံးဂိုးစီ သရေကျခဲ့သည်။
လီဗာပူးအသင်းသည် သုံးဂိုး-နှစ်ဂိုးဖြင့် လိဒ်စ်အသင်းကို နိုင်ပွဲရရှိရန် နီးစပ်ခဲ့သော်လည်း ပွဲချိန်ပြည့်သည်အထိ အနိုင်ရလဒ်ကို ထိန်းထားနိုင်စွမ်းမရှိသည့်အတွက် သရေကျခဲ့ခြင်းဖြစ်သည်။ လိဒ်စ်အသင်းသည် ယခုပွဲစဉ် သရေကျခဲ့သည့်အတွက် တန်းဆင်းဇုန်အထက်တွင် ရမှတ် ၁၅ မှတ်ဖြင့် ရပ်တည်နိုင်ခဲ့သည်။
လာမည့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၀ ရက်တွင် လီဗာပူးက ချန်ပီယံလိဂ်ပြိုင်ပွဲ၌ နာမည်ကြီး အင်တာမီလန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပြိုင်ဘက်လိဒ်စ်အသင်းက ပရီမီယာလိဂ်ပြိုင်ပွဲ၌ ဒီဇင်ဘာ ၁၄ ရက်တွင် ဘရန့်ဖို့ဒ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အခြားပွဲစဉ်အဖြစ် ဘရိုက်တန်နှင့် ဝက်စ်ဟမ်းအသင်းပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။
မိုးဇက် - စုစည်းရေးသားသည်


