ဝါးခယ်မ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် ပဆငမှ ကြာဖြူ-သဲကုန်းလမ်းအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ကျောက်ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၅ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေးက ကြည့်ရှုစစ်ဆေးသည်။
ပဆငမှ ကြာဖြူ - သဲကုန်းလမ်း ကို ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေ ၁၃၉ ဒသမ ၄၃၅ သန်းဖြင့် လမ်းအရှည်(၀/၂)မိုင်၊ လမ်း အကျယ် ၁၂ ပေ၊ ခုနစ်လက်မဒုရှိသော ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပြီးစီးပါက ကျေးရွာပေါင်း ၁၅ ရွာမှ လူဦးရေ ၃၆၇၅ ဦး၏ လူမှုစီးပွားဘဝများအား များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)


