ဘုတ်ပြင်း ဒီဇင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ မဲရုံများ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက အောင်မင်္ဂလာရပ်ကွက်ရှိ မဲရုံအမှတ်(၁) မူလွန်-အောင်မင်္ဂလာမဲရုံ၌ ပြုလုပ်သည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်နေမှုကို ဘုတ်ပြင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနိုင်၊ ဘုတ်ပြင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာများနှင့်တာဝန်ရှိသူများက မီးငြှိမ်းသတ်ယာဉ်ဖြင့် ဇာတ်တိုက်လေ့ကျင့် ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


