မအူပင် ဒီဇင်ဘာ ၈

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ မီးဘေးအန္တရာယ် အသိပညာ‌ပေးဟောပြောခြင်းနှင့် မီးဘေးအန္တရာယ်လုံခြုံရေး ဆောင်ရွက်ထားရှိမှုများကို ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

 

အဆိုပါကွင်းဆင်းဆောင်ရွက်မှုအား မအူပင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေး ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များမှ ခရိုင်ကော်မရှင်ရုံးနှင့် မြို့နယ်ကော်မရှင်ရုံးများ၌ မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ အသင့်ရှိစေရေး၊ အဆောက်အအုံ အတွင်း၊ အပြင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအ‌ခြေအနေများနှင့် မီးခလုတ်များ၊ လျှပ်စစ်ဝိုင်ယာကြိုးများ ကောင်းမွန်မှု ရှိ၊ မရှိကို လက်တွေ့စစ်ဆေးပြီး မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)