နေပြည်တော်  ဒီဇင်ဘာ  ၈

 

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရန် မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး(၅၀)တို့တွင် သတ်မှတ်ရက်များအလိုက် မဲရုံများ ဖွင့်လှစ်၍ ကြိုတင်ဆန္ဒမဲပေးခြင်း အစီအစဉ်များကို ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက် အထိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၄၁)ရုံးတို့တွင် ကြိုတင်မဲပေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

 

ပြည်ပရောက်မြန်မာနိုင်ငံသားများ ကြိုတင်မဲများ ဆက်လက်ပေးနိုင်ရေးအတွက် ကျန်ရှိသော ရုံးများအနေဖြင့် သတ်မှတ်နေ့ရက်များအထိ မဲရုံများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်