ကျွန်းလှ ဒီဇင်ဘာ ၈

 

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၌ မိုးစပါးဧက ၂၃၀၀၀ ကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

တစ်ဧက ၇၄ ဒသမ ၃၂ တင်း ထွက်ရှိ

 

ကျွန်းလှမြို့နယ်မှာ ဒီနှစ် မိုးစပါး ၃၄၀၉၇ ဧက စိုက်ပျိုးရန် လျာထားပြီး ၃၄၀၉၉ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ယခုအခါ ၂၃၁၁၃ ဧက ရိတ်သိမ်းပြီး တစ်ဧက ၇၄ ဒသမ ၃၂ တင်း ထွက်ရှိပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

 

အဆိုပါ မိုးစပါးစိုက်ပျိုးကြသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ် မှန်ကန်ရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာပေးခြင်း စသည့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာ ပေးခဲ့သည်။ ကျွန်းလှမြို့နယ်တွင် စပါးအပြင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ အခြားသီးနှံနှင့် နှစ်ရှည်ပင်သီးနှံများ ရာသီအလိုက် စိုက်ပျိုးကြကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)