ဘားအံ ဒီဇင်ဘာ ၈

 

ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ မိုးစပါးစိုက်ပျိုးရေး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်သည့် နောင်လုံ(အနောက်)ကျေးရွာအုပ်စု ကော့မကယ်ကျေးရွာရှိ မိသားစု စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းက အသင်းအချင်းချင်း ပံ့ပိုးငွေဖြင့် စိုက်ပျိုးထားသော အသင်းသားတောင်သူများ၏ အောင်နိုင်တိုး မိုးစပါးရိတ်သိမ်းနေမှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိမှု ရှိ/မရှိကို ကရင်ပြည်နယ် သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ဘားအံမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၆ ရက်တွင် ကွင်းဆင်းကြည့်ရှုသည်။

 

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အသင်းသား တောင်သူများ၏ မိုးစပါးရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးပြီး မိုးစပါးစိုက်ဧက ၁၀၀ အနက် ဧက ၇၀ ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးအထွက်နှုန်း ၁၀၅ တင်း ထွက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)