ပြင်ဦးလွင် ဒီဇင်ဘာ ၈

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက စာပန်းအိမ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။

 

ဦးစွာ စာပန်းအိမ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ ကျော်စောက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးကျော်မင်းဦးက ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဗမာစာပေနှင့် ယဉ်‌ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက လူငယ်နှင့် အနာဂတ် နိုင်ငံတော်ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။

 

ထို့နောက် ဟော‌ပြောဆွေးနွေးချက်များကို ကျောင်းသား ကျောင်းသူများအား မေးမြန်းရာ ကျောင်းသား ကျောင်းသူများက ပြန်လည်ဖြေကြားပြီး ပြန်လည်ဖြေကြား‌ပေးသော ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)