မဲလဘုန်း ဒီဇင်ဘာ ၈
ဩစတြေးလျနိုင်ငံ တက်စ်မေးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းခြင်းကြောင့် အိမ်အလုံး ၃၀ ပျက်စီး ခဲ့ကြောင်း သိရသည်။
ဒေသခံများ နေရပ်ပြန်ရေးအတွက် စိတ်မချရကြောင်း တာဝန်ရှိသူများက ပြောသည်။
ပြည်နယ်မြို့တော် ဟိုဗတ်၏ အရှေ့မြောက်ပိုင်း ၁၀၅ ကီလိုမီတာ အကွာတွင်ရှိသည့် ဒေါလဖန်စမ်းဒ်မြို့တွင် အိမ် ၃၃ လုံး ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။ တောမီးလောင်ကျွမ်းမှုကြောင့် လူနေအဆောက်အအုံများအပါအဝင် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း တက်စ်မေးနီးယား မီးနှင့် အရေးပေါ်လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူ ဂျရမီစမစ်ကပြောသည်။ လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ရှိသဖြင့် ဒေသခံများနေရပ်တွင် ပြန်လည်နေထိုင်ရေးအတွက် စိတ်မချရကြောင်း တာဝန်ရှိသူများက ပြောသည်။ ဒီဇင်ဘာ ၈ ရက်တွင် အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပြီး မီးလောင်မှုနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို စစ်ဆေးနေကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


