ရန်ကုန် ဒီဇင်ဘာ ၉

 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် သန်လျင်မြို့နယ် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်ရှေ့တွင် ကျောင်းသား ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းစွာသွားလာနိုင်ရေး လူသွားစင်္ကြံ (ပလက်ဖောင်း) ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို  ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အမှတ်(၂)လမ်းမကြီး ရန်ကုန်စီးပွားရေး တက္ကသိုလ်ရှေ့ မျက်နှာစာတွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် စက်ယန္တရားများဖြင့် အရှည်ပေ ၄၂၀၀၊ အကျယ် ၁၆ ပေ ဇလားပုံရေမြောင်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ပြည်သူများ သွားလာရေး အဆင်ပြေစေရေးအတွက် အရှည် ပေ ၄၂၀၀၊ အကျယ် ၁၆ ပေ ကွန်ကရစ် လမ်းခင်းနေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ မြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်‌နေမှုနှင့် သစ်ပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေမြောင်းများအတွင်း အနံဆိုးများ ကင်းရှင်းအောင် ဆောင်ရွက်ရန်၊ လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)