နတ်မောက် ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဒီဇင်ဘာ ၇ ရက်က မြို့ပေါ် ခုနစ်ရပ်ကွက်သို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများဆောင်ရွက်သည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် နေအိမ်များတွင် မီးချိပ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်၊ လျှပ်စစ်မီးအသုံးပြုရာတွင် အလေးထားလိုက်နာ ဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ဆောင်ရွက်ကြရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံများတွင် မီးသတ်ယာဉ်ဖြင့် လိုက်လံသတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း


