မြန်အောင် ဒီဇင်ဘာ ၉

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)နှင့် မြန်အောင်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကော်မတီဝင်များ ပါဝင်သော သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရှိ ဆေးဝါးရောင်းချသည့် ဆိုင်များသို့ ဆေးဝါးရောင်းချနေမှုများကို မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များတွင် တရားမဝင် ဆေးဝါးများနှင့် သက်တမ်းလွန် ဆေးဝါးများ၊ စပ်ဆေး၊ တွဲဆေးများ ရောင်းချမှုမရှိစေရန်နှင့် ပဋိဇီဝဆေးများအား ဆရာဝန်ညွှန်ကြားချက် ဆေးစာပါရှိမှသာ ရောင်းချရန် စစ်ဆေးပြီး လိုအပ်ချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)