ရန်ကုန် ဒီဇင်ဘာ ၉

 

အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ် စစ်ဆေးရေးပညာရှင်အဖွဲ့ (High Rise and Public Building Projects Committee) မှ အထပ်မြင့် စီမံကိန်းများတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော Project Director, Project Manager များနှင့် Construction Engineer များအတွက် “Building Together and Better for the future with Integrated Project Management System” အလုပ်ရုံ​ဆွေး​နွေးပွဲဖွင့်ပွဲကို ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့ နာယက ဒေါက်တာအောင်ကျော်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ဗိသုကာကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော်နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးတို့က အမှာစကားပြောကြားကြသည်။ 

 

ထို့​နောက် အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။

 

အဆိုပါ “Building Together and Better for the future with Integrated Project Manage- ment System” Workshop ကို ဒီဇင်ဘာ ၅ ရက်၊ ၆ ရက်၊ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် လေးရက်ကြာ ဆွေးနွေးပို့ချလျက်ရှိကြောင်း သိရသည်။

မျိုးမင်းသူရ