နေပြည်တော် ဒီဇင်ဘာ ၉
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့် မီးငြှိမ်းသတ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
ဦးစွာ ဒက္ခိဏသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးတွင် မီးဘေးအန္တရာယ်ကင်းဝေးရေးသည် အရေးကြီးသည့် ကိစ္စရပ်ဖြစ်သည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို သိရှိနားလည်ရန် လိုအပ်ကြောင်း၊ မဲရုံများမီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ၊ ရှောင်ရှားရမည့်အချက်များ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရမည့်လုပ်ငန်းစဉ်များကို အသိပညာပေးဟောပြောပြီး မီးသတ်ဆေးဘူး အပါအဝင် အခြားသောနည်းလမ်းများဖြင့် မီးငြှိမ်းသတ်နည်းများကို သရုပ်ပြ၍ မဲရုံတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများက လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)


