သဲကုန်း ဒီဇင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်၌ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၌ ဆောင်ရွက်သည်။

ဦးစွာ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဆရာမ ဒေါ်အေးသန္တာ က ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ဒီဇင်ဘာ ၈ ရက်မှ ၂၀ ရက်အထိ အသက်ကိုးနှစ်မှ ၁၀ နှစ် ကျောင်းနေအရွယ်ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV) ထိုးနှံပေးသွားမည်ဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV) ထိုးနှံရန် ကျောင်းသူ စုစုပေါင်း ၁၆၇ ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)