ဂန့်ဂေါ ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် ကျောင်းအခြေပြုမီးဘေး လုံခြုံရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလနောက်ဆုံးပတ်က မြောက်ကုန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း)၌ ကျင်းပသည်။
လက်တွေ့သရုပ်ပြသင်ကြား
ဟောပြောပွဲတွင် ဂန့်ဂေါမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်ရဲနိုင်က စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များကို ရှင်းလင်းဟောပြောကာ မီးငြှိမ်းသတ်မှုများကို လက်တွေ့သရုပ်ပြသင်ကြားပြသပေးခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ တာဝန်ခံကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးလွင်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၂၇၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း


