ပုသိမ် ဒီဇင်ဘာ ၉

 

မဲပေးခြင်းသည်နိုင်ငံသားများက အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဖော်ဆောင်နိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပုသိမ်- မုံရွာလမ်းမကြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ခရီးသည်ယာဉ်များအား “ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြစို့၊ “ ဒီမိုကရေစီပန်းတိုင်ဆီ မဲပေးခြင်းဖြင့် ဒို့လှမ်းချီ၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ် ဆီသို့”၊ “ တိုင်းပြည်သာယာဝပြောရေး နိုင်ငံသားတိုင်း မဲပေးပေး၊ “လှမ်းစို့ကူညီမဲရုံဆီ ဒီမိုကရေစီဖော်ဆောင်မည် စတစ်ကာများကို ကပ်နှံပေးခဲ့ပြီးနောက် ဌာနဆိုင်ရာများနှင့်အတူ “ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြောင်းမြမြို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ကျောင်း၊ မြကျွန်းရွှေဝါခန်းမတွင်ပြုလုပ်သည့် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားနှင့် မြောင်းမြပညာရေးဒီဂရီကောလိပ် ပညာရတနာခန်းမတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်ကျောင်းသား ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)