ရန်ကုန် ဒီဇင်ဘာ ၁၀
(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ခြင်းလုံး ဒုတိယနေ့ကို ဒီဇင်ဘာ ၁၀ ရက်က ဆက်လက် ကျင်းပရာ မြန်မာအမျိုးသား၊ အမျိုးသမီးခြင်းလုံးအသင်း ရွှေတံဆိပ်ဆုနှစ်ခု ဆွတ်ခူးရရှိခဲ့သည်။
မြန်မာခြင်းလုံးအသင်းသည် ယခုပြိုင်ပွဲတွင် ခြင်းလုံးအားကစားနည်း၌ ထည့်သွင်းကျင်းပသည့် ပြိုင်ပွဲအမျိုးအစား နှစ်ခုစလုံး ရွှေတံဆိပ် ဆုရယူနိုင်ခဲ့ပြီး (၃၃) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံးရရှိသည့် ရွှေတံဆိပ်ဆုလည်း ဖြစ်ခဲ့သည်။ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်းက ၅၀၂ မှတ်ဖြင့် ရွှေတံဆိပ်၊ ထိုင်းအသင်းက ၄၄၆ မှတ်ဖြင့်မြန်မာပိုက်ကျော်ခြင်းအသင်းသည် ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီးပွဲစဉ်နှစ်ခုစလုံးတွင် ဗိုလ်လုပွဲ တက်ရောက်နိုင်သော်လည်း ရွှေဆုနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ထိုင်းအသင်းက ရမှတ် ၁၀၀၀ ဖြင့် ရွှေတံဆိပ်၊ မြန်မာအသင်းက ရမှတ် ၈၅၀ ဖြင့် ငွေတံဆိပ်၊ ဖိလစ်ပိုင်အသင်းက ရမှတ် ၅၄၀ ဖြင့် ကြေးတံဆိပ်ဆု၊ အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ထိုင်းအသင်းက ရမှတ် ၈၈၀ မှတ်ဖြင့် ရွှေတံဆိပ်၊ မြန်မာအသင်းက ရမှတ် ၇၉၀ ဖြင့် ငွေတံဆိပ်၊ ဖိလစ်ပိုင် အသင်းက ရမှတ် ၇၁၀ ဖြင့် ကြေးတံဆိပ်ဆု ရရှိသည်။
မြန်မာပိုက်ကျော်ခြင်းအသင်းသည် ယခုဆီးဂိမ်းပြိုင်ပွဲတွင် ပြိုင်ပွဲ အမျိုးအစား ခုနစ်မျိုးယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမဆုံးယှဉ်ပြိုင်သည့် ပြိုင်ပွဲနှစ်ခုတွင် ငွေတံဆိပ်နှစ်ခုရရှိကာ ကျန်ပြိုင်ပွဲငါးခု ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-MSTAF


