နေပြည်တော် ဒီဇင်ဘာ ၁၀

အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့၏ နိုင်ငံရေးလိုလားချက် ပြည့်ဝစေရန်အတွက် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူ လူထုအား အကြမ်းဖက်တိုက်ခိုက်၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်ခြင်း စသည့်အကြမ်း ဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး ပြည်သူလူထု အကြောက်တရား လွှမ်းမိုးစေရန် အတွက် Social Media အပါအဝင် နည်းလမ်းပေါင်းစုံသုံး၍ လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်း မရှိစေရေး၊ ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာလှုပ်ရှား ဆောင်ရွက်နိုင်မှု မရှိစေရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ပျက်စီးစေရေးအတွက် ဒီဇင်ဘာ ၁၀ ရက် ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို အကြောင်း ပြ၍ Silent Strike ခေါ် လှုပ်ရှားမှုကို ပြုလုပ်ကြရန် လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက် ဖိအားပေး လုပ်ဆောင်ခဲ့ကြသည်။

ထိုသို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် တာဝန်ရှိအဖွဲ့ အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို တိုးမြှင့်ကြပ်မတ် ဆောင်ရွက်ပေးခဲ့သည့် အတွက် ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ကျောင်းကန်များ၊ ဘာသာရေး ဆိုင်ရာနေရာများ၌ သက်ဆိုင်ရာ ဘာသာဝင်များက လာရောက်၍ စိတ်အေးချမ်းသာစွာ ဝတ်ပြု ဆုတောင်းမှုများ ဆောင်ရွက် လျက်ရှိကြသည်။ ထို့ပြင် ဈေးများ၊ ဘဏ်များ၊ ဆေးရုံများ၊ လေကြောင်း ခရီးစဉ်များ၊ မီးရထားခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊ မော်တော် ယာဉ်လိုင်းများကို တည်ငြိမ် အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်