နေပြည်တော်      ဒီဇင်ဘာ     ၁၁

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ဆီးဂိမ်းတိုက်ကွမ်ဒိုပြိုင်ပွဲ  ဒုတိယနေ့ကို  ဒီဇင်ဘာ  ၁၁  ရက်က  ဆက်လက်ကျင်းပရာ မြန်မာတိုက်ကွမ်ဒိုအဖွဲ့ ငွေတံဆိပ်တစ်ခု ထပ်မံရရှိ သည်။    

တိုက်ကွမ်ဒိုပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်တွင် စတင်ကျင်းပပြီး ပထမနေ့တွင် ကကွက်ပြိုင်ပွဲများ  ကျင်းပပြီး    ဒီဇင်ဘာ ၁၁ ရက်တွင်အတိုက်ပြိုင်ပွဲများ စတင်ကျင်းပခြင်းဖြစ်သည်။ မြန်မာတိုက်ကွမ်ဒို အားကစားမယ် ကေသွယ်မွန်လင်းသည် -၆၇ ကီလိုတန်း ဗိုလ်လုပွဲတွင် အိမ်ရှင် ထိုင်းကစားသမား ပီရာချွတ်ယူထိုင်နှင့် တွေ့ဆုံခဲ့ပြီး အရေးနိမ့်သဖြင့် ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

မြန်မာတိုက်ကွမ်ဒိုအဖွဲ့သည် ဒုတိယနေ့အပြီးတွင် ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု ရရှိထားပြီး တိုက်ကွမ်ဒိုပြိုင်ပွဲကို ဒီဇင်ဘာ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။ 

သတင်း-ထွဏ်းသွေးအိမ်

ဓာတ်ပုံ-MTF