မန္တလေး ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် တက်ရောက်နေသော အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ် (၁၄) နှင့် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၈၂) တို့တွင် တက်ရောက်နေသော သင်တန်းသား သင်တန်းသူများ၏ အထူးနေ့လယ်စာ စားပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ဇီးပင်ကြီးကျေးရွာရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) ရှိ ယောမင်းကြီးစားရိပ်သာ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် တက်ရောက်နေသည့် အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၄)မှ သင်တန်းသား သင်တန်းသူများ၊ အခြေခံပညာ ဆရာ ဆရာမများအထူး မွမ်းမံသင်တန်း အမှတ်စဉ်(၈၂)မှ သင်တန်းသား သင်တန်းသူများနှင့်အတူ နေ့လယ်စာကို အတူ သုံးဆောင်ကြပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


