ရန်ကုန် ဒီဇင်ဘာ ၁၂
မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းနည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ယုကီတက်ဆုရိုသည် ၂၀၂၅ ထိုင်းဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် ရာထူးမှ နုတ်ထွက်သွားသည်။
၂၀၂၃ ခုနှစ်တွင် မြန်မာအမျိုး သမီးဘောလုံးဖွံ့ဖြိုးရေး နည်းစနစ် ဒါရိုက်တာအဖြစ် ရောက်ရှိလာ သည့် ဂျပန်နိုင်ငံသား ယုကီတက် ဆုရိုသည် ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲတွင် နည်းပြချုပ် အဖြစ် စတင်တာဝန်ယူပြီးနောက် နှစ်နှစ်ခွဲခန့်အကြာတွင် လမ်းခွဲခဲ့ခြင်းဖြစ်သည်။
ယုကီလက်ထက်၌ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် (၃၂) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့ပြင် နီပေါ လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆု ရယူနိုင်သော်လည်း အာရှဖလား ခြေစစ်ပွဲတွင်မူ ခြေစစ်ပွဲ အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
သတင်း-ချစ်ကိုကို
ဓာတ်ပုံ-MFF


