တောင်ကြီး ဒီဇင်ဘာ ၁၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၌ ချယ်ရီမြေစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်နှင့် သိန်းဓန ထွန်းလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းတို့မှ ဆောင်းနေကြာစိုက်ပျိုးရန် ပြင်ဆင်နေမှုအခြေအနေများကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၈ နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက တောင်ကြီးမြို့နယ်အတွင်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (သက်တန့်ရောင်စီမံကိန်း) ဆောင်းနေကြာစိုက်ပျိုးရန် မြေယာပြုပြင်ထွန်ယက်နေသည့် ဘုရားငါးဆူကျေးရွာရှိ ချယ်ရီမြေစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ စိုက်ဧက ၂၀၀ နှင့် ဆူးပုတ်ကွေ့ကျေးရွာရှိ သိန်းဓနထွန်းလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ ဆောင်းနေကြာရုရှားမျိုး စိုက်ပျိုးမည့် စိုက်ဧက ၁၀ ဧက၌ မြေယာပြုပြင် ဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး သွင်းအားစုမျိုးကောင်း မျိုးသန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝိုးတောင်း