ဝါးခယ်မ ဒီဇင်ဘာ ၁၄

 

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာရှိ တောင်သူ ဦးဝင်းဗိုလ်၏ လယ်မြေတွင် ဒီဇင်ဘာ ၁၃ ရက်နံနက်ပိုင်းက ဆီထွက်သီးနှံနေကြာ ရုရှားမျိုးအား စိုက်ပျိုးပြသသည်။

 

ယင်းသို့ ဆောင်ရွက်ရာတွင် သမဝါယမဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်း၊ မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများက ဆီထွက်သီးနှံနေကြာ (MAKHAON KLP/ IPPOLIT/ VULKAN) ရုရှားမျိုးအား တောင်သူ ဦးဝင်းဗိုလ်၏ စိုက်ပျိုးဧက ခြောက်ဧကတွင် လက်စိုက်စနစ်၊ စက်စိုက်စနစ်များဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြောင်းနှင့် အူကျွန်း၊ ကျွန်းကုန်း၊ ကြက်ခတ်ကုန်း၊ မရမ်းချောင်အပါအဝင် အနီးကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)