ရန်ကုန် ဒီဇင်ဘာ ၁၄
ဆီးဂိမ်း ပိုက်ကျော်ခြင်း သုံးယောက်တွဲအသင်း လိုက်ပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်ပြီး မြန်မာအသင်းက ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့သည်။
သုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းသည် ဆီမီးဖိုင်နယ်တွင် အရေးနိမ့်သဖြင့် ပူးတွဲကြေးတံဆိပ်ဆုဖြင့် ကျေနပ်ခဲ့ရပြီး အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲတွင် မလေးရှားအသင်းက ထိုင်းအသင်းကို ၂-၁ ပွဲ၊ အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲ တွင် ထိုင်းအသင်းက ဗီယက်နမ်အသင်းကို ၂-၀ ပွဲဖြင့် အနိုင်ရရှိသည်။
မြန်မာပိုက်ကျော်ခြင်းအသင်းများသည် ဆီမီးဖိုင်နယ်တွင် အိမ်ရှင် ထိုင်းအသင်းများကို အရေးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
ပိုက်ကျော်ခြင်းအားကစားနည်းတွင် သုံးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲအပြီး အမျိုးသား+ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ အုပ်စုပွဲများ ဆက်လက်ကျင်းပနေပြီး မြန်မာအသင်းသည် အဖွင့်ပွဲတွင် လာအိုအသင်းကို နှစ်ပွဲပြတ် အနိုင်ရရှိသည်။
သတင်း-မောင်စံကြီး
ဓာတ်ပုံ-MSTAF


