နတ်တလင်း ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၌ မြန်မာ့သမဝါယမစတင်ခြင်း (၁၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အရုဏ်ဆွမ်းလောင်းလှူခြင်းကို ယမန်နေ့နံနက်ပိုင်းက သကျမဟာမြတ်မုနိဘုရားကြီးဝင်း၌ ပြုလုပ်သည်။
အဆိုပါ အရုဏ်ဆွမ်းလောင်းလှူပွဲကို နတ်တလင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သီတာနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌတို့က သံဃာတော် ၁၉၉ ပါးအား အရုဏ်ဆွမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)


