ရန်ကုန်  ဒီဇင်ဘာ   ၁၄

ဒီဇင်ဘာ ၁၄ ရက်တွင် ကျင်းပသည့် (၃၃)ကြိမ်မြောက်   ဆီးဂိမ်းပြိုင်ပွဲတွင်    မြန်မာအားကစားအဖွဲ့က ပြေးခုန်ပစ်နှင့်  ဂျူဒိုအားကစားနည်းများတွင် ဆုတံဆိပ်များ ထပ်မံဆွတ်ခူးရရှိခဲ့သည်။

မြန်မာပြေးခုန်ပစ်အဖွဲ့သည် လမ်းလျှောက် ပြိုင်ပွဲတွင်  ငွေတံဆိပ် နှစ်ခုရရှိပြီး အမျိုးသားပြိုင်ပွဲတွင် နိုင်လင်းထွန်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဇင်မေထက်တို့က ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ အမျိုးသားပြိုင်ပွဲတွင် အင်ဒိုနီးရှားက ရွှေတံဆိပ်၊ နိုင်လင်းထွန်း (မြန်မာ)က ငွေတံဆိပ်၊  ဗီယက်နမ်က  ကြေးတံဆိပ်၊ အမျိုးသမီးပြိုင်ပွဲတွင် အင်ဒိုနီးရှားက ရွှေတံဆိပ်၊ ဇင်မေထက်(မြန်မာ)က ငွေတံဆိပ်၊ ထိုင်းက  ကြေးတံဆိပ်ရရှိသည်။ လမ်းလျှောက်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဂျူဒိုပြိုင်ပွဲ   နောက်ဆုံးနေ့တွင်   မြန်မာဂျူဒိုအဖွဲ့က  ကြေးတံဆိပ်တစ်ခု  ထပ်မံရရှိသည်။ Mixed အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းသည် ဆီမီးဖိုင်နယ်၌ ဖိလစ်ပိုင်အသင်းကို    အရေးနိမ့်ကာ    ပူးတွဲကြေးတံဆိပ်ဖြင့် ကျေနပ်ခဲ့ရပြီး ဖိလစ်ပိုင်အသင်းက ရွှေတံဆိပ်၊ ထိုင်းအသင်းက  ငွေတံဆိပ်ရရှိသည်။   ဂျူဒိုပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်ရာ မြန်မာဂျူဒိုအဖွဲ့က ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်သုံးခု ရရှိသည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MAF