ပခုက္ကူ ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
လူထုလမ်းလျှောက်ပွဲကို နံနက် ၇ နာရီတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများက ပခုက္ကူမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လည်းကောင်း၊ နံနက် ၅ နာရီ ၄၅ မိနစ်တွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင် ဦးဆောင်သော ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်ခင်ထွတ်၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက တက္ကသိုလ်ဝင်း၌လည်းကောင်း နှစ်ပိုင်းခွဲကျင်းပပြီး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မိုးမိုးမြင့်နှင့် ဝန်ထမ်းများ၏ ဦးဆောင်မှုဖြင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း များ၊ Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းလှုပ်ရှားဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


