ပြင်ဦးလွင် ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် မဲရုံခင်းကျင်းခြင်းဆိုင်ရာ သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ရပ်ကွက်ကြီး (၁)၊ ချယ်ရီခန်းမ၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့်အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မဲရုံ ၁၉၉ ရုံမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ ရပ်/ကျေးကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက မဲရုံခင်းကျင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို လေ့လာခြင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများမှ သိရှိလိုသည်များအပေါ် ခရိုင်/ မြို့နယ် ကော်မရှင်အဖွဲ့များက ရှင်းလင်းဖြေကြားခြင်း ဆောင်ရွက်ကြပြီး ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထူးက မဲရုံမှူး/ ဒုတိယမဲရုံမှူးများသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိကျစွာလိုက်နာပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


