ချမ်းအေးသာစံ ဒီဇင်ဘာ ၁၄

 

ချမ်းအေးသာစံမြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက မဲရုံပြင်ဆင်ထားရှိမှုနှင့် မဲပေးသရုပ်ပြပွဲ အခမ်းအနားကို ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက မဲရုံများ၏ လုံခြုံရေး အခြေအနေများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးများ၊ မဲရုံများအတွင်း လျှပ်စစ်မီးရရှိရေးနှင့် လေဝင်လေထွက် ကောင်းမွန်စေရေး၊ ဆန္ဒမဲ လာရောက်ပေးသူများအား စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေး၊ မဲရုံမှူးများနှင့် တာဝန်ရှိသူများ၏ လုပ်ငန်းတာဝန်များ၊ မီဒီယာများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ပြောကြားသည်။

 

ဆက်လက်ပြီး မဟာအောင်မြေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲအတွင်းရေးမှူး ဦးသက်ဆွေဦးက မဲရုံပြင်ဆင်ထားရှိမှုနှင့် မဲပေး သရုပ်ပြခြင်းများကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ စမ်းသပ်မဲပေးနေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ချမ်းမြေ့မောင်(ပြန်/ဆက်)