ရန်ကုန် ဒီဇင်ဘာ ၁၆
ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကစ်ဘောင်ဆင်အားကစားနည်း နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၆ ရက်က ကျင်းပရာ မြန်မာကစ်ဘောင်ဆင်အဖွဲ့ ငွေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိသည်။
မြန်မာကစ်ဘောင်ဆင်အဖွဲ့သည် ဆီးဂိမ်းပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားများအနက် နှစ်ဦးသာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီး ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရကာ ရွှေတံဆိပ်နှင့် လွဲချော်ခဲ့သည်။ အမျိုးသမီး ၅၂ ကီလိုတန်းတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာကစ်ဘောင်ဆင် ကစားသမား မေသဇင်ထူးသည် ဆီမီးဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမား ပူထရီအီကာကို အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ကာ ဗိုလ်လုပွဲတွင် အိမ်ရှင်ထိုင်းကစားသမား ရတ်သာနာ ဖွန်ကို ရှုံးနိမ့်သဖြင့် ငွေတံဆိပ်ဆုရရှိသည်။ အမျိုးသမီး ၅၀ ကီလိုတန်းတွင် မြန်မာကစ်ဘောင်ဆင် ကစားသမား လင်းစန္ဒာဌေးသည် ဆီမီးဖိုင်နယ်တွင် အိမ်ရှင်ထိုင်းကစားသမား ဆာဆီဆွမ်ကို အနိုင်ရသော်လည်း ဗိုလ်လုပွဲတွင် ဗီယက်နမ်ကစားသမား ဟောင်သီသွေကို အရေးနိမ့်ကာ ငွေတံဆိပ်ဆုဖြင့် ကျေနပ်ခဲ့ရသည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MSYA


