ရန်ကုန်   ဒီဇင်ဘာ   ၁၆

ဆီးဂိမ်း    အမျိုးသားဖူဆယ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ဒီဇင်ဘာ ၁၆ ရက်က ဆက်လက်ကျင်းပရာ  မြန်မာအသင်းသည် အိမ်ရှင်ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သည်။

အုပ်စုဒုတိယနေ့တွင် အိမ်ရှင်ထိုင်းအသင်းက မြန်မာအသင်းကို သုံးဂိုးပြတ်၊ မလေးရှားအသင်းက ဗီယက်နမ်အသင်းကို  လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် အိမ်ရှင်ထိုင်းအသင်းကို အရေးနိမ့်ခဲ့သော်လည်း ပထမပွဲထက်  ကစားပုံပိုကောင်းခဲ့ပြီး သုံးဂိုးသာပေးခဲ့ရသလို ပထမပိုင်း တွင် တစ်ဂိုးသာခွင့်ပြုခဲ့ရသည်။

အမျိုးသား ဖူဆယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ငါးသင်းသာရှိသဖြင့် ပတ်လည်စနစ်ဖြင့်  ကျင်းပနေပြီး အိမ်ရှင်ထိုင်းအသင်းက   နှစ်ပွဲကစား ခြောက်မှတ်၊ အင်ဒိုနီးရှားအသင်းက တစ်ပွဲကစား သုံးမှတ်၊ မလေးရှားအသင်းက နှစ်ပွဲကစား သုံးမှတ်၊   ဗီယက်နမ်အသင်းက တစ်ပွဲကစား အမှတ်မရသေး၊ မြန်မာအသင်းက   နှစ်ပွဲကစား အမှတ်မရသေးပေ။   မြန်မာအသင်းသည်  အုပ်စုတတိယပွဲအဖြစ်    ဒီဇင်ဘာ ၁၇ ရက်တွင် မလေးရှားအသင်းနှင့်  ထပ်မံကစားရမည်ဖြစ်သည်။

သတင်း - ချစ်ကိုကို

ဓာတ်ပုံ - FAT