ရန်ကုန် ဒီဇင်ဘာ ၁၆
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသား သွေ့လျန့်(လက်နက်မဲ့)အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီးဆန်းဆို (၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို(၆၀ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ် ဆုရ နှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+ ခိုင်စန္ဒာစိုးအတွဲ၊ အမျိုးသားဆန်းဆို (၇၀ ကီလို) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ မျိုးမင်းထက်နှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားအဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများက ဂုဏ်ပြုကြိုဆိုကြကြောင်း သိရသည်။
သတင်းစဉ်


