နေပြည်တော် ဒီဇင်ဘာ ၁၇

 

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ်(၄၆)၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မြန်မာနိုင်ငံဖွံ့ဖြိုးရေးနှင့် မန္တလေးငလျင်ကြီးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အိန္ဒိယနိုင်ငံမှ ကူညီပံ့ပိုးပေးမှုများ၊ မြန်မာနိုင်ငံ၏ဘဏ္ဍာရေး ကဏ္ဍတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် Ms. Suja Kizhakkepat Menon ၊ ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်