မူဆယ် ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၌ မြို့နယ်လုံးကျွတ် (စတုတ္ထအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဒီဇင်ဘာ ၁၅ ရက်က ကျင်းပသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့ဝင်မီးပွိုင့်လမ်းဆုံမုခ်ဦးရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး သိန်းသန်းချီ အဝေးပြေးကားကွင်းသွား လမ်းမကြီးတစ်လျှောက်တွင် ဌာနဆိုင်ရာများ၊ အလှူရှင်များက လောင်းလှူသည့် ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းအစုစုကို သံဃာတော်များနှင့် သီလရှင်များထံ သဒ္ဓါတရားထက်သန်စွာဖြင့် လောင်းလှူခဲ့ကြသည်။
စတုတ္ထအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မူဆယ်မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ သံဃာတော်၊ သီလရှင်အပါး ၁၄၇၀ အတွက် တစ်ပါးလျှင် ငွေသား ၃၃၁၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၄၈၆၅၇၀၀၀၀ နှင့် အခြားလှူဖွယ်ပစ္စည်းများကို စေတနာရှင်၊ အလှူရှင်များက လောင်းလှူခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)


