အမရပူရ ဒီဇင်ဘာ ၁၇

 

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ မြန်မာ့သမဝါယမ စတင်ခြင်း (၁၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အငြိမ်းစား ဝန်ထမ်းများအား ဂါရဝပြုအခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက်က မြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ကျင်းပသည်။

 

အခမ်းအနားတွင် အမရပူရမြို့နယ်သမဝါယမဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားဝန်ထမ်းကြီးများက မုဒိတာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်မောင်လေးနှင့် ဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား ဂါရဝပြုကန်တော့ကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

မြို့နယ်(ပြန်/ဆက်)